Hotel Transylvania 2

Hotel Transylvania 2

They're back to raise a little terror Sep. 21, 2015 89 Min.
Your rating: 0
10 1 vote

Video trailer

Director

Cast

Adam Sandler isDracula (voice)
Dracula (voice)
Andy Samberg isJonathan (voice)
Jonathan (voice)
Selena Gomez isMavis (voice)
Mavis (voice)
Kevin James isFrank / Frankenstein (voice)
Frank / Frankenstein (voice)
Steve Buscemi isWayne (voice)
Wayne (voice)
David Spade isGriffin (voice)
Griffin (voice)
Keegan-Michael Key isMurray (voice)
Murray (voice)
Asher Blinkoff isDennis (voice)
Dennis (voice)
Fran Drescher isEunice (voice)
Eunice (voice)
Molly Shannon isWanda (voice)
Wanda (voice)

Synopsis

2012 ခုနှစ်ကထွက်ရှိထားတဲ့
Hotel Transylvania ရဲ့
အဆက် ​ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။
၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားမှာတော့ Johnnystein နဲ့ ဗန်ပိုင်းယား မလေး Mavis တို့
ချစ်ကြိုက်သွားတဲ့အခန်းနဲ့ အဆုံးသတ်ထားပါတယ်။

ဒီဇာတ်ကားအစမှာတော့
သူတို့ နှစ်ယောက် မင်္ဂလာဆောင်တဲ့အခန်းနဲ့
စတင်ထားပြီးတော့ Johnnystein ရဲ့ မိဘတွေပါ
မင်္ဂလာပွဲကို တက်ရောက်ကြပြီး မင်္ဂလာပွဲကို
ပျော်ရွှင်စွာ ကျင်းပ ဖြစ်ခဲ့ပါတော့တယ်။
နောက်ပိုင်းမှာတော့ Mavis ဟာ ကိုယ်ဝန်ရှိလာပြီး Dennis လို့ခေါ်တဲ့သားလေးကို
မွေးဖွားလာခဲ့ပါတယ်။
Dennis လေး ၅ နှစ်မပြည့်ခင်မှာ
အဖိုးဖြစ်သူ Drac ဟာ သူ့မြေးဖြစ်သူ
Dennis ကိုဗန်ပိုင်းယားတို့ရဲ့
အမှတ်အသားတစ်ခုဖြစ်တဲ့
အစွယ်ပေါက်မလာသေးတဲ့အတွက်
သူ့မြေးဖြစ်သူ ဗန်ပိုင်းယားသွေး မပါလာမှာကို
စိုးရိမ်နေပါတယ်။
Transylvania ဟာ
သူ့သားအတွက် အန္တရယ်ရှိတဲ့နေရာတစ်ခုလို့
စဉ်းစားမိလာတဲ့အတွက် Mavis ဟာ
Dennis ရဲ့ ဇာတိဖြစ်တဲ့ California ကို
ပြောင်းရွှေ့ပြီးသူ့သားကို အန္တရယ်ကင်းစွာ
ကြီးပြင်းစေဖို့ စီစဉ်နေပါတယ်။
Drac ဟာ johnny ကို Mavis နဲ့အတူ California ကို အလည်သွားခိုင်းပြီး ထိုနေရာမှာ အဆင်မပြေပြီး
မနေထိုင်ချင်အောင် လုပ်ခိုင်းပါတော့တယ်။
johnny ကိုယ်တိုင်ကလည်း Transylvania ကနေ
တခြားမှာ မနေထိုင်ချင်ပါဘူး။
ထိုအစီအစဉ်ကိုတော့ Mavis မသိခဲ့ပါဘူး။
Johnny နဲ့ Mavis တို့ California ကို
ခရီးသွားနေချိန်မှာ Drac တစ်ယောက်
သူ့မြေးကို monster တစ်ယောက်ဖြစ်လာဖို့အတွက် သူ့သူငယ်ချင်းတွေနဲ့အတူ လေ့ကျင့်ပေးပါတော့တယ်။ ထိုအကြောင်းကို Mavis တစ်ယောက်သိသွားတဲ့အခါမှာတော့ Transylvania ကို
ဒေါသတကြီးနဲ့အတူပြန်လာခဲ့ပြီး
သူ့အဖေ Drac ကို စိတ်ဆိုးပါတော့တယ်။
သူ့သား Dennis ၅ နှစ်ပြည့် မွေးနေ့ပွဲကျင်းပပြီးတာနဲ့ California ကို ပြောင်းတော့မယ်လို့
ပြောလိုက်ပါတော့တယ်။
ထို့အတူ မွေးနေ့ပွဲကို Drac ရဲ့ အဖေ၊ Mavis ရဲ့ အဖိုးကို ဖိတ်ကြားလိုက်ပြီး Johnny ရဲ့ အမျိုးတွေလည်း တက်ရောက်ကြမှာပါ။ Mavis ရဲ့အဖိုး Vlad ဟာ
လူသားတွေကို သိပ်သဘောကျလှသူမဟုတ်ပါဘူး . . . ထို့အတူ သူ့အစေခံဖြစ်သူ Bela ဟာလည်း လူသားတွေကို မုန်းတီးနေသူပါ။ Vlad တို့
ရောက်ရှိလာပြီးနောက် ဘယ်လိုမျိုးတွေ
ဖြစ်ပျက်လာတယ်ဆိုတာကို ကြည့်ရှုရမှာပါ။
အဖေလူသားနဲ့ အမေ ဗန်ပိုင်းယားတို့ရဲ့
မျိုးဆက်သစ်လေး Dennis ကကော
ဘယ်ဘက်မျိုးရိုးဘက်လိုက်မှာလဲ

ဒီဇာတ်ကားလေးကို မကြည့်ခင်
၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ အပိုင်း၁ ကို
မကြည့်ရသေးရင်တော့ ဇာတ်လမ်းသေချာ
နားလည်မှာမဟုတ်ပါဘူး။
၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့
ဇာတ်ကားလေးကို ကြိုက်ရင်တော့
ဒီဇာတ်ကားလေးကို ကြိုက်ကြမှာပါ။
တခြားဇာတ်ကားတွေမှာ ဒရက်ကူလာကို
ကြောက်စရာအဖြစ်ဖော်ပြထားပေမယ့်
ဒီဇာတ်ကားမှာတော့ ဗန်ပိုင်းယား . . monster တွေကို ချစ်စရာကောင်းတဲ့ ပုံစံတွေနဲ့
တွေ့မြင်ရမှာဖြစ်ပါတယ်။
ခလေးတွေ အကြိုက်တွေ့မယ့်
ဇာတ်ကားတစ်ကားဖြစ်ပြီး
လူကြီးတွေလည်း ကြိုက်နှစ်သက်ကြမှာပါ။

( Review ကို mmmovieguide မှကူးယူထားပါတယ်​ )
Hotel Transylvania 2
Hotel Transylvania 2
Hotel Transylvania 2
Hotel Transylvania 2
Hotel Transylvania 2
Hotel Transylvania 2
Hotel Transylvania 2
Hotel Transylvania 2
Hotel Transylvania 2
Hotel Transylvania 2
Original title Hotel Transylvania 2
TMDb Rating 6.7 votes

Similar titles

One Piece: The Movie
Enchanted
One Piece: Clockwork Island Adventure
One Piece: Curse of the Sacred Sword
One Piece: Giant Mecha Soldier of Karakuri Castle
Naruto Shippuden the Movie: Blood Prison
Chunin Exam on Fire! and Naruto vs. Konohamaru!
One Piece: Baron Omatsuri and the Secret Island
Happy Ghost V
Hulk: Where Monsters Dwell
Planet Hulk
The Irregular at Magic High School: The Girl Who Calls the Stars